ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, December 27, 2012

ရွေးစရာလမ်း မရှိလှတော့တဲ့အခါ ......



   ကျနော် KNU, KIA, SSA, ဝ ဘယ်အဖွဲ့ကိုမှ ၁၀၀% မထောက်ခံပါဘူး ။
   ထောက်ခံဖို့ ဆိုတာလည်း ကျနော့် ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဘယ်လိုမှ မကိုက်ညီပါဘူး ။

   ထို့နည်းတူ ဒီအဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေနဲ့ အားပေးသူတွေဆီက စာတွေကိုလည်း
လိုအပ်တယ်လို့ ယူဆမှသာလျှင် Facebook ပေါ်မှာ Share လုပ်ပါတယ် ။

   ဒါပေမယ့် ခုနေခါမှာ တစ်ခု ထူးခြားလာပါတယ် ။
   ကချင်ထိုးစစ် မြှင့်လာချိန်နဲ့အကိုက် ကချင်သတင်းဌာနဟာ အတိုက်ခံနေရပါတယ် ။ တိုက်ခိုက်
သူတွေ အနေနဲ့လည်း ရန်သူမို့ တိုက်ခိုက်တယ်လို့ ဝန်မခံတဲ့အပြင် နာမည်ကောင်းခံပြီး ဝါဒဖြန့်မှု
နဲ့ပါ တွဲလုပ်လာတာကို တွေ့ခဲ့ရပါတယ် ။

   ဒါကြောင့် ခုချိန်ကနေ စပြီး ၊ အတိုင်းတာတစ်ခုသော အချိန်အတွင်းမှာ ကချင်သတင်းတွေကို
Share လုပ်ပြီး ၊ တစ်ပိုင်တစ်နိုင် ကူညီသွားမှာ ဖြစ်ပါတယ် ။

   သတင်းတွေ အားလုံးကို မျက်စိမှိတ် ယုံကြည်မယ်လို့တော့ မဆိုလိုပါ ။ လူသားတွေရဲ့ စောင့်
ထိန်းအပ်တဲ့ ကျင့်ဝတ်တွေကို တစ်ဖက်က ဖေါက်ဖျက်တဲ့အတွက် ကျားကန် ကြိုးညှိပေးဖို့ ကြိုး
စားတာပါ ။


မန်းကိုကို
၂၅ ၊ ၁၂ ၊ ၂၀၁၂
(Facebook note)

(ပြည်မကို သူပုန်တွေက ကျူးကျော်တိုက်ခိုက် ဖျက်ဆီးလာတဲ့ တစ်နေ့ကျရင်တော့ ကျနော့် ရပ်
တည်ချက်ဟာ ပြောင်းပြန် ဖြစ်သွားပါလိမ့်မယ် ။ ပြည်မသားတွေဖက်က ရပ်တည်ပေးဖို့ ဝန်မလေး
သလို ရပ်လည်း ရပ်တည်ပေးသင့်တယ်လို့ ယုံကြည်ပါတယ်) ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~


** သတင်းနှင့် ဆောင်းပါးလင့်များ







◊ 


4 comments:

  1. ဟောဗျာ နှစ်သစ်ကူးနှုတ်ဆက်မလားလာကြည့်တာ ကိုမန်းက အလုပ်ကြီးလုပ်နေတာကိုးဗျ
    အင်းနှစ်သစ်မှာ ဗမာ နဲ့ ကချင်က သွားလေသူဆရာဝင်းဦး ရေးခဲ့တဲ့ ပြောင်ချော်ချော် မိုးတွင်းကဗျာ ( မင်းကိုငါရိုက်ရင် ၂ယောက်လုံးကွဲကုန်မှာနော့ ) ဆိုတာလိုလုပ်နေချိန်မှာ ကိုမန်းကလဲ ကျောင်းအောက်ကခွေး၂ကောင်းတယ်ဆူတာဘဲ ငါဆင်းရိုက်ရ ငါပါနဲ့  ၃ကောင် ဆိုတဲ့  အပေါက်မျိုးပါလားဗျ
    စိတ်လျှော့ စိတ်လျှော့ ဟက်ပီး နျူးယီးရားပါ ဆရာမန်းရယ်

    ReplyDelete
    Replies
    1. မင်္ဂလာ Gregorian နှစ်သစ်ပါ ဆရာတင့် ။

      အလုပ်ကြီး အကိုင်ကြီးရယ်လို့တော့ မဟုတ်ပါဘူး ဆရာတင့်ရယ် ၊ ရက်စွဲကိုလည်း ကြည့်ပါဦး နှစ်သစ်မကူးခင်ကတည်းက တင်ထားတာပါ ။ ပို့စ် တစ်ပိုင်းတစ်စတွေ ရှိနေပေမယ့် အသစ်မတင်ဖြစ်သေးလို့ပါ ။ ဒါပေမယ့် နည်းနည်းတော့ ရှင်းဦးမှပါပဲ ။

      ကျနော်လည်း ကျောင်းအောက် ဆင်းရိုက်ရင် ကိုယ်လည်း ၃ ကောင်မြောက် ဖြစ်သွားနိုင်တာ သိတော့ သိပါတယ်ဗျာ ၊ သို့သော် အခြေနေတွေက တွန်းပို့လာခဲ့ပြီမို့ ဘက်တစ်ဘက်မှာ နေရာဝင်ယူလိုက်ရတာပါ ။ ခုနေ တစ်ဖက်သတ်ဆန်တဲ့ အနေထားမှာ အလယ်မှာ ကန့်လန်ကန့်လန်နဲ့ ဝင်လုပ်ရင် အကိုက်ခံရမှာ သိပေမယ့် ၊ အကျိုးရှိမယ့် ထောက်ပြချက်တွေ အနည်းအကျဉ်းလည်း လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ် ။ တစ်ကိုယ်လုံးကျိုးပြီး အားလုံးလွင့်ပစ်ရတဲ့ အကျိုးအပြစ်အချိုးမျိုး မဟုတ်ရင် တော်ပါပြီ :-)

      ဓါတ်ပြားဟောင်း တစ်စကို ပြန်ရစ်ရရင် ၊ ကျနော် ဒီလို တစ်ဖက်မှာ ရပ်တည်လိုက်လို့ အဲသည်ဖက်က ၁၀၀% မှန်မလာပါဘူး ။ legitimate grievance တွေရှိတယ် ၊ အမှန်များတယ် ၊ အားနည်းပြီး အတူရပ်တည်ပေးသင့်တယ် စသည်ဖြင့် ယုံကြည်ယူဆလို့ အားပေးတဲ့အနေနဲ့ ကူညီတာမို့ စိတ်တော့ သန့်ပါတယ် ။

      တစ်ဆက်ထဲမှာလည်း အလံနင်း ၊ မီးရှို့ပြီး ဆန္ဒပြတာနဲ့ ပတ်သက်လို့လည်း Jade Land ဆိုသူရဲ့ Facebook page မှာ အောက်ကလို ထင်မြင်ချက် ပေးခဲ့ပါသေးတယ် ။

      -------------------------------------

      Mahn Koko ~ ဒီပုံကို ကြည့်ပြီး စိတ်တော့ သိပ်မသက်သာပါ ။

      ပထမတစ်ချက် - ဒီအလံကို နိုင်ငံရဲ့ အလံလို့ လက်ခံလို့တော့ မဟုတ်ပါ ။ လက်ခံဖို့လည်း လုံလောက်တဲ့ အကြောင်းရင်းခံ မပြည့်စုံပါ ။

      နောက်တစ်ချက် - အလံရဲ့ ဘာကတော့ဖြင့် ဘာကို ကိုယ်စားပြုတယ် ၊ ဘာအရောင်ကဖြင့် ဘယ်လို အဓိပ္ပါယ် စသည်ဖြင့် လူတစ်စုရဲ့ ကိုယ်လိုရာ ဆွဲထားတာကို လက်ခံဖို့ရာကလည်း အသိစိတ်က လက်ခံလို့ မရပါ ။ ဒါ့ပြင် ဒေသ လူမျိုး ယဉ်ကျေးမှုအပေါ် မူတည်ပြီး အရောင်အပါဝင် အရာအတော်များများဟာ မတူတဲ့ အဓိပ္ပါယ်တွေ ရှိတယ်ဆိုတာ သတိထားသင့်ပါတယ် ။ ဥပမာ - ကိုယ် အထွတ်အမြတ်ထားတဲ့ အရောင်ဟာ အခြားသူအတွက် မတူတဲ့ ကိုယ်စားပြုမှုကို ပေးပါတယ် ။

      နောက်တစ်ဆင့်က - လူမှာ အမျိုးမျိုး အဖုံဖုံ ရှိကြပါတယ် ။
      အထက်အောက် အစီရီ အဆင့်ဆင့်ရှိတဲ့ လူမှုအသိုင်းဝိုင်းမှာ ပြောသမျှကို မျက်စေ့မှိတ် လက်ခံသူ ၊ မှားယွင်းစွာ လမ်းညွှန်ခံရသူ ၊ အထက်အဆင့် လူတွေကို မလွန်ဆန်နိုင်ပဲ ခေါက်ရိုးကျိုးသွားသူ စသည်ဖြင့် အနည်းဆုံး ရှိကြရာမှာ ၊ သူတို့အတွက် ကိုယ်စားပြုတဲ့ တန်ဖိုးထားတဲ့ သင်္ကေတ အမှတ်အသားနဲ့ အခြား အရာတွေကို နှိမ့်ချပြီး ဆက်ဆံပြတာမျိုး မလုပ်သင့်ပါဘူး ။

      ဒါဟာ အနိုင်နဲ့ အမြတ်စွန်း ရဖို့ထက် ၊ စိတ်ဒဏ်ရာနဲ့ ခံပြင်းဒေါသတွေကို မတူညီတဲ့ အသွင်သဏ္ဍာန်နဲ့ တန်ပြန်လာဖို့ ဖိတ်ခေါ်တာမျိုး ဖြစ်စေတတ်ပါတယ် ။ အခြားတစ်ဖက်မှာလည်း အပေါ်စီးရနေတဲ့ ကိုယ့်ရဲ့ ကျင့်ဝတ်နဲ့ လုပ်ကိုင်မှုတွေကိုလည်း ထိခိုက်လျော့ပါးစေပါတယ် ။ ဒါဟာ တကယ်တန်းမှာ ပြောဖို့မလိုလောက်တဲ့ သာမန်ကိစ္စ တစ်ခုပါ ။

      ဒါကြောင့် ကျနော်ဆိုရင်တော့ ဒီလိုနင်းဖြစ်မယ်မထင်ဘူး ။
      လုပ်ချင်းလုပ်ရင် သံရုံးရှေ့မှာ တစ်ကိုယ်တော် ဆန္ဒပြကောင်း ပြပါမယ် ။
      လုပ်သင့်တာကို ကိုယ်တိုင် လုပ်နိုင်တယ်ဆိုရင် အခြားသူတွေ မလိုက်လည်း လုပ်ဖြစ်မှာပါ ။ အဖေါ်မလိုပါ ။

      -------------------------------------

      ဒါတွေကိုကြည့်ပြီး Common Sense ဆိုတဲ့ ပို့စ်လေးတစ်ခုတောင် ရေးမလို့ စဉ်းစားနေတယ် ။ ဆရာလုပ်ဖို့ မဟုတ်ပဲ ၊ ကိုယ့်ဘဝအတွေ့ကြုံပေါ် မူတည်တဲ့ နှိုင်းယှဉ်ပြတာမျိုးလေး တစ်ပုဒ်ပါ ။

      ဒါနဲ့ Facebook မှာလည်း 'ကျော်ထင်' ဆိုတဲ့ နာမည်နဲ့ ကျနော်ကနေ ကျိုးကြောင်းနဲ့ ထောက်ပြတာကို ရင်မဆိုင်ပဲ ဝေ့လည်ကြောင်ပတ် ပြန်လုပ်ခဲ့သူ တစ်ယောက်ကိုလည်း တွေ့မိတယ်ဗျ ။ နာမည်တူတွေကများတော့ ကျနော်တို့ရဲ့ ကိုကျော်ထင် ဟုတ်မဟုတ်တော့ သိပ်မသေချာပါ ။

      Delete
  2. ထ၀ရဘုရားသခင်၏ သားတော်သွားရန်လမ်းကို နောက်ယှက်ပိတ်ပင်သူသည် ကောင်းကြီး မင်္ဂလာမခံစားရ။ အကြောင်းမူကား ထိုသူသည် စာတန်၏သားတော်ဖြစ်သည်။

    ReplyDelete
    Replies
    1. လာပြီ လာပြီ kbc တဲ့ကွနော်
      အစရရင် မဆုံးချင်
      တရားနာကြဖို့သာ ပြင် :)

      Delete